သားလေးဟာအခုဆိုတနှစ်နဲ့သုံးလပြည့်သွားပါပြီ။ သူကိုကြည့်ရင်း တတ်တာသိတာတွေ များလွန်းတော့ တခါတခါ လူကြီးဖြစ်ပြီ ဆိုတဲ့အတွေးမျိုး ဝင်လာမိပါတယ်။ အလုပ်တွေများလို့ စိတ်ရှုပ်တဲ့အခါမျိုးမှာ ကလေးကဂျီကြလာရင် ဆူမိတာတွေရှိလာတတ်ပါတယ်။
မှပဲကိုယ့်ကိုယ်ကိုပြန်သုံးသပ်ရင်းငါမှားနေတာပဲ။ ကလေးက အခုအချိန်မှာ အားလုံးကို စူးစမ်းချင်တာကြောင့် သူဆန္ဒတွေ စကားလုံးများနဲ့ မဖော်ပြနိုင်ရှာတော့ သူတတ်နိုင်တာနဲ့ ဖော်ပြနေတာပဲ။
သားလေးကိုဆူပြီးမှ အပြင်ကိစ္စကိုအပြင်မှာထားပြီး သူစိတ်ဝင်စားတာ သူလုပ်ချင်တာလေးတွေကို ဦးစားပေးဖို့ သတိဝင်လာပါတယ်။
အခုလိုအခါမျိုးမှာလဲ ကျမအမေကို တမိပါတယ်။ တယောက်ထဲ မွေးထားပြီးမနိုင်ဖြစ်နေတာ အမေဆို၄ယောက်တောင်မွေးခဲ့တော့ ပိုပင်ပန်းရှာမှာပဲ ဆိုပြီးတော့ပေါ့။
ဒီအချိန်မှာ အကိုင်အတွဲမှားရင် ကလေးစိတ်မှာ အနာရသွားနိုင်ပါတယ်။ အန္တရယ်ဖြစ်နိုင်တာမျိုး ဆိုရင်လဲ သေသေချာချာ နားလယ်အောင် ပြောပြဖို့လိုတာပေါ့။ တခါက ဂျပန်ပညာပေး အစီစဉ်တခုမှာ မိဘတွေရန်ဖြစ်ရင် ကလေးတွေ ရှေ့မှာမဖြစ်ရဘူး လို့ဆိုထားပါတယ်။ နုနယ်တဲ့က လေးတွေအသိမှာ မိဘရင်ခွင်သာ နားခိုရာမို့ အေးချမ်းတဲ့အရိပ်တခု အဖြစ် အမြဲရှိနေသင့်ပါတယ်။ ဒီအရွယ်ကလေးတွေဟာ မှတ်ညဏ်အကောင်းဆုံး အရွယ်ဖြစ်တာကြောင့် သေချာလေ့ကျင့်ပေးရင်ထူးချွံတဲ့ကလေးဖြစ်လာမှာ မလွဲနိုင်ပါဘူး။
ကလေးတွေဟာ မိဘတွေကိုကြည့်ရင်း ကြီးပြင်းကြတာဆိုတော့ သူတို့ရှေ့မှာ တတ်နိုင်သလောက် အမှားမလုပ်မိဘို့ အရေးကြီးတယ်လို့ထင်ပါတယ်။ ကျမကတော့သားလေးကို ငယ်စဉ် အခါပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို သူအနာဂတ်အချိန်အထိ အမှတ်ရနေစေဖို့ပဲ မျှော်လင့်ထားပါတယ်။ သားလေး ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သဘာဝအတိုင်းကြီးပြင်းလာဖို့လဲ ကြိုးစားရပါအုံးမယ်။ ကလေးလေးတွေဟာ ကလေးလေးတွေပဲလို့မြင်ပြီး ဆက်ဆံဖို့လဲ ကျမကိုယ်ကျမ သတိပေးရင်း အဆုံးသက်လိုက်ရပါတယ် ။ ။