ဒီတခေါက်တော့စားချင်တဲ့အချိန်မှာအလွယ်တကူလုပ်စားနိုင်တဲ့ဆီချက်ခေါက်ဆွဲလုပ်နည်းလေပြောပြပေးချင်ပါတယ်။အိမ်မှာခေါက်ဆွဲနဲ့ကြက်သားဒါမှမဟုတ်ဝက်သားရှိရင်လုပ်စာနိုင်ပါတယ်။
ပါဝင်တဲ့ပစ္စည်းတွေက
ခေါက်ဆွဲ ၆၀၀ဂရမ် ကြက်<သို့>ဝက် ၃၀၀ဂရမ်၊
ဂျင်း လက်တသစ် ကြက်သွန်ဖြူ ၁ ဥ
ဆား အနည်းငယ် သကြား အနည်းငယ်
ပဲငံပြာရည်နောက် အနည်းငယ် ဆီ ဇွန်းကြီး ၅ဇွန်း
ကြက်သွန်မြိတ် အနည်းငယ် သခွားသီး ၁လုံး
ငရုတ်သီးစိမ်း ၂တောင့် သံပုရာသီး ၁လုံး
ငရုပ်ကောင်း အနည်းငယ်
ကြိုတင်ပြင်ဆင်ထားရန်
- ကြက်သားကို ဂျင်း၊ကြက်သွန်ဖြူ၂မွှာထုပြီး၊ဆား၁ဇွန်းငရုပ်ကောင်းဇွန်း၁ဝက်ထည့်ကာ အိုးထဲရေတဝက်ခန့်ထည့်ပြီး မိနစ်၂၀ခန့်တည်ပါ။
- ကျက်ပါကအတုန်းသေးလေးတွေတုန်းထားပါ။
- အချဉ်အတွက် သခွားသီး၊ငရုပ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး ဆား၊သံပုရာသီးညှစ်ပြီးပြင်ထားပါ။
- ကြက်သွန်ဖြူ၅မွှာခန့်ကိုပါးပါးလှီးပြီး ဆီချက်မယ့်အိုးထဲဆီထဲ့ကာ မီးအေးအေးနဲ့ ဝါလာတဲ့အထိချက်ပေးပါ။
- ခေါက်ဆွဲ ၂၀၀ဂရမ် ၁ထုပ်(တယောက်စာ)ကိုရေပွက်ပွက်ဆူမှာ ၂မိနစ်လောက်ပြုပ်ပြီး ရေစစ်ပါ။
- နယ်မယ့်ဇလုံထဲကိုဆီချက် ၁ဇွန်း ဆား ဇွန်းသေး ၁ဝက်၊သကြား နည်းနည်း၊ပဲငံပြာရည်အနောက် ဇွန်းသေး၁ဝက်ကိုထည့်ပြီး ပြုပ်ထားတဲ့ခေါက်ဆွဲကို ထည့်ကာတူနဲ့သမအောင် မွေပါ။
- ပြီးလျှင်စားမယ့်ပုကန်ထဲထည့်ပြင်ပြီးအပေါ်မှ ကြက်သားနဲ့ကြက်သွန်မြိတ်ကိုတင်ပါ။ နှစ်သက်ပါကငရုပ်ကောင်းဖြူးပြီးသုံးဆောင်နိုင်ပါပြီ။
- ဟင်းချိုအပေါ့အငံမြည်းပြီးကြက်သွန်မြိတ်ခတ်ကာအချဉ်ပွဲပြင်ပြီးရင်တော့ စားလို့အဆင်သစ်ဖြစ်ပြီပေါ့။
မှတ်ချက်။ ။ဆိုင်အရသာနဲ့တူချင်ရင်တော့ ဆီချက်တဲ့အခါ ဝက်အဆီကိုရောပြီးချက်နိုင်ပါတယ်။
No comments:
Post a Comment