ပါဝင်တဲ့ပစ္စည်းတွေက
ငါးအသေး ၂၀၀ဂရမ်
ခရမ်းချဉ်သီး ၁လုံး
ကြက်သွန်နီကြီး ၁ခြမ်း
ကြက်သွန်ဖြူ ၂မွှာ
ဆီ ဇွန်းကြီး၃ဇွန်း
ဆား ဇွန်းသေး၁ဝက်
ဟင်းချိုမှုန် ဇွန်းသေး၁ဝက်
ငံပြာရည် ဇွန်းသေး၁ဇွန်း
နံနံပင် အနည်းငယ်
သံပုရာသီး ၁စိတ်
အရောင်တင် ဇွန်းသေး၁ဇွန်း
နနွင်း အနည်းငယ်
ကြိုပြင်ထားရန်
- ငါးကိုခေါင်းဖြုတ်အူထုတ်ပြီးရေစင်အောင်ဆေးပြီးလျှင် ဆား၊နနွင်း၊ဟင်းချိုမှုန်တို့နဲ့နယ်ထားပါ။
- ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီးပါးပါးလှီးထားပါ၊
ဟင်းချက်နည်း
- ချက်မယ့်အိုးထဲကိုနယ်ထားတဲ့ငါး၊ ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီး၊အရောင်တင်မှုန်တို့ကို အားလုံးရောထည့်ပြီးတည်ပါ။
- အစပိုင်းကို မီးပြင်းနဲ့တည်ပြီးရေကုန်စပြုရင် ရေအကြမ်းပုကန်၁ဝက်လောက်ထည့်ကာ မီးအေးအေးနဲ့အဖုန်းအုပ်ပြီးတည်ပါ။
- ရေကုန်သွားပြီဆိုအပေါ့အငံလိုသလိုမြည်းကာ နံနံပင်၊ငရုတ်သီးစိမ်းခတ်ပြီးချလို့ရပါပြီ။
- ချက်နေတုန်းမှာသတိထားရမှာက မမွေမိဘို့ပါပဲ။ ကပ်မှာဆိုးရင်အိုးကိုလှုပ်ပေးရင် ရပါပြီ။
မှတ်ချက်။ ။ငါးအိုးကပ်ဟင်းလေးကို ပဲနီလေးကြာဇံ ဟင်းချို၊ငပိရည်တို့စရာတို့နဲ့ တွဲဖက်စားရင်အလွန် လိုက်ဖက်ကြောင်း အကြံပြုလိုက်ရပါတယ်။
No comments:
Post a Comment