ပါဝင်တဲ့ပစ္စည်းများ
|
ဒီတာ့ခါတော့ထမင်းဝိုင်း မပြင်ခင်မတည်းက သရေကျနိုင်တဲ့ ပုဇွန်ထုပ်ဟင်း ချက်ပြချင်ပါတယ်။ ခေါင်းပါတဲ့ပုဇွန်ထုပ်ကို ချက်စေချင်ပါတယ်။ ခေါင်းမှာပါတဲ့ ပုဇွန်ဆီနဲ့တွဲချက်မှသာ ပုဇွန်ထုပ်ဟင်းရဲ့ အရသာကိုပီပီပြင်ပြင် ရရှိနိုင်မှာပါ။ ဒီဟင်းချက်ရင်တော့ လက်နဲ့သာအားရပါးရ နယ်ဖက်စားလိုက်ပါနော်။
ဟင်းချက်နည်း
- ပုဇွန်ထုပ်ကိုကျောခွဲပြီး အညစ်အကြေးထုတ်ထားပါ။ ပြီးလျှင် ဆား၊နနွင်း၊အချိုမှုန့်၊ငံပြာရည် တို့နဲ့ နယ်ထားပါ။
- ချက်မယ့်အိုးထဲဆီထည့်၊ ပူလာရင် မဆလာထည့်၊ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊နီ၊ခရမ်းချဉ်သီး တို့ကိုထည့်ပြီး ဆီသက်ပါ။နွမ်းစပြုလာရင်ငရုပ်စိမ်းမှုန့်ထည့်ဆီသက်ပါ။
- ထိုနောက် ရေနည်းနည်းချင်းထည့်ကာ အနှစ်ကြေတဲ့အထိတည်ပါ။
- အနှစ်ကြေပါကပုဇွန်ထည့် ပြီးလုံးပါ။ တဘက်ကျက်လျှင်တဘက်ကိုအသာလှန်ပေးပါ။
- ရေကိုနည်းနည်းချင်းထည့်ပြီးကျက်တဲ့အထိတည်ပါ။ ချခါနည်းမှာအပေါ့အငံမြည်းကာ ခရုဆီရှိပါက အနည်းငယ်ထည့်ပေးပါက ပုဇွန်ထုပ်ဟင်းကို ပိုမိုအရသာရှိစေပါတယ်။ ဒါဆိုရင်တော့ အနံ့ရရုံနဲ့ သရေကျနိုင်မယ့် ပုဇွန်ထုပ်ဟင်းရပြီပေါ့။
No comments:
Post a Comment