လိုအပ်တဲ့ပစ္စည်းများ
မုန်လာဥကြီး ၁ပိုင်း
ဆီ ၃ဇွန်း
ကြက်သွန်နီဥကြီး ၁ဝက်
နှမ်း ၁ဇွန်း
ဆား ၁ဇွန်း
လျှာလကာရည် ဇွန်းကြီး၃ဇွန်း
နနွင်း ဇွန်းသေး၁ဇွန်း
ပြုပ်မည့်ရေ ၁လီတာ
ပြုလုပ်နည်း
- မုန်လာဥကိုပါးပါးအချောင်းလေးတွေဖြစ်အောင်လှီးပြီး၊ပွက်ပွက်ဆူတဲ့အိုးထဲကို ဆား၊နနွင်း၊လျှာလကာရည်ထည့်ကာမုန်လာဥများကို၅မိနစ်ခန့်ထည့်ပြုပ်ပါ။
- ပြီးလျှင်ရေစစ်ထားပြီး၊ရေစင်အောင်ညစ်ပြစ်ပါ။
- အိုးထဲဆီထည့်ပြီးကြက်သွန်နီပါးပါးလှီးကာ နီညိုရောင်သမ်းတဲ့အထိကြော်ပြီးဆီစစ်ပြီးဆယ်ထားပါ။
- နှမ်းကို၁မိနစ်လောက်မွေးအောင်လှော်ထားပါ။
- နယ်မယ့်ဇလုံထဲကိုမုန်လာဥ၊ဆီချက်၊နှမ်းထည့်ကာသမအောင်မွေပြီးပါကအပေါ်မှ ကြက်သွန်နီကြော် ဖြူးပြီးရင်စားလို့ရပါပြီ။
No comments:
Post a Comment