အိမ်ရှင်မတွေရဲ့အလုပ်ကို မလုပ်ကြည့်ဘူးဖူးဆိုရင် ဦးနှောက်မသုံး၊အားလည်းမသုံးပဲ လုပ်ရတဲ့အလုပ်မို့ သိပ်သက်သာတဲ့အလုပ်လို့ ထင်တဲ့သူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ကျမကတော့ တကယ်ကိုမလွယ်တဲ့အလုပ် လို့ဆိုချင်ပါတယ်။ အိမ်ထောင်ဦးစီးတယောက်ကို အိမ်အလုပ် တစိတ်တပိုင်းလောက်ကိုလက်တွေ့လုပ်ခိုင်းကြည့်လိုက်ပါ။ ဘယ်လောက်မလွယ်တဲ့အလုပ်ဆိုတာကို မျက်ဝါးထင်ထင် သိသွားပါလိမ့်မယ်။ ဦးနှောက်လည်း တကယ်သုံးရသလို အင်အားသုံးဖို့လည်း တကယ်ကို လိုအပ်ပါတယ်။
ညမအိပ်ခင်ကတည်းက မနက်အိပ်ယာထလုပ်ရမယ့် အလုပ်ကိုကြိုတင်တွေးတဲ့ အလုပ်ကစရ ပါတယ်။ တစ်လလုံးစာအတွက် ရတဲ့ဝင်ငွေကို ဘယ်လိုလောက်အောင်သုံးရမလဲဆိုတာကို တွက်ချက်ရတာကိုက တကယ်မလွယ်တာပါ။ ကျမတို့တွေဟာမျက်စိနှစ်လုံးပွင့်ပြီဆိုတာနဲ့ ဝမ်းဟာတဲ့ပြဿနာကိုဖြေရှင်းဖို့ တနေ့တာစာ သုံးနပ်စာအတွက် ချက်ပြုပ်ရာကစလို့ မိုးလင်းရပါတယ်။ တဖန်စားပြီးပြန်ရင်လည်း မဆေးကြောလို့က မဖြစ်ပြန်ပါဘူး။ ပြီးရင်လျှော်ဖွတ်၊ သိမ်းဆည်း၊ သန့်ရှင်းရေး၊ဈေးဝယ်၊ ကလေးထိန်း စသည်စသည်ဖြင့် အမျိုးကိုစုံလို့ပါပဲ။ ဒါကြောင့်လည်း အိမ်ရှင်မတွေကို ကမ္ဘာကိုထုဆစ်တဲ့ လက်များပိုင်ရှင်ရယ်လို့ တင်စားကြရတယ် မဟုတ်ပါလား။
အလုပ်များတဲ့အိမ်ရှင်မတွေကိုကိုယ်ချင်းစာသော အားဖြင့် ဂျပန်တီဗီကြည့်ရင်း သိလာရတဲ့ အချိန်တိုအတွင်းလွယ်ကူစွာနဲ့လူသက်သာစေတဲ့ နည်းလမ်းများကို မှတ်မိသလောက် ဖောက်သည်ချပေး ပါရစေနော်။
မီးဖိုချောင်ကိစ္စအဝဝ
ကြွေပန်းကန်လုံးအစွန်းချွတ်နည်း
- စွန့်ပစ်မယ့် ကြက်ဥအကာကိုလုံးခြေပြီး စွန်းတဲ့နေရာကိုအားဖြင့် ပွတ်တိုက်လျှင် အစွန်းများယူပြစ်သလိုကျွတ်သွားပါလိမ့်မယ်။
- ရေခြောက်အောင်သုတ်ထားတဲ့ ကြွေပန်းကန်ကို ဂျုံမှုန့် ဖြင့်နာနာပွတ်ပေးရင်လည်း အစွန်းကျွတ်နိုင်ပါတယ်။
ဒန်အိုးချီးချွတ်နည်း
- ပန်းသီးအခွံကို ချေးချွတ်မယ့်ဒန်အိုးထဲထဲ့ ပြုပ်ပါ။ ၁၅မိနစ်လောက်ပြုပ်ပြီးမီးပိတ်ပါ။ အေးလာလျှင်ထိုအခွံဖြင့် ပွတ်တိုက်ပေးပါက အရောင်ပြောင်လာပါလိမ့်မယ်။
မီးဖိုချောင်ကဆီချီးချွတ်နည်း
- ဆီချီးပေတဲ့နေရာကိုsprayဘူးထဲရေထဲ့ပြီးအနည်းငယ်ဖြန်းပေးပါ။ ပြီးလျှင်ဂျုံမှုန့်ဖြန်းပြီး အပေါ်မှအဝတ်ဖြင့် ပွတ်ပေးပါက ပြောင်သွားပါလိမ့်မယ်။
microwaveအတွင်းပိုင်းသန့်ရှင်းရေး
- orange အခွံ၅လုံးခန့်ကိုစက်ထဲထဲ့ပြီး second 40 လောက်အပူပေးလိုက်ပါ။ အနံ့ဆိုးများ ကင်းစင်သွားပါလိမ့်မယ်။
အသားငါးကိုင်ထားတဲ့လက်အညှီနံ့ပျောက်အောင်လုပ်နည်း
လက်ကိုပွတ်ဆေးစဉ်မှာ စတီးရေပိုက်ခေါင်းကိုထိုလက်နဲ့ပွတ်တိုက်ပြီး ဆေးပေးပါက အညှီနံ့ပျောက်ကင်းသွားပါလိမ့်မယ်။
အသားအဆီများကိုကိုင်တဲ့လက်ကို စင်အောင်ဆေးကြောနည်းထား
- တခါတလေဘယ်လောက်ပဲဆပ်ပြာနဲ့ဆေးဆေး အသားရဲ့အဆီတွေ မစင်သလို ဖြစ်တတ်ပါတယ်။ ထိုအခါမျိုးမှာ သကြားဇွန်းအသေး၁ဇွန်းလောက် လက်ထဲထည့်နယ်ပါ။ ရေနဲ့လောင်းဆေးပြီး တဖန်ဆပ်ပြာဖြင့်ဆေးလိုက်ပါက ပြောင်သွားပါလိမ့်မယ်။
အနံ့အသက်ဆိုးများပျောက်ကင်းအောင်လုပ်နည်း
- ခြေသုတ်ဝတ်၊ကော်ဇောခင်း၊လိုက်ကာ အစရှိတဲ့ပစ္စည်းတွေမှာ အနံ့ဆိုးတွေကပ်နေတဲ့အခါ လျှော်ဖို့ မလွယ်တတ်ပါဘူး။ဒီနည်းဟာဆိုရင် အနံ့ပျောက်အောင်လုပ်ဖို့ရာမှာ အကုန်အကျသက်သာသလို လုပ်ရလွယ်ကူတဲ့နည်းပဲဖြစ်ပါတယ်။
- ဆော်ဒါ၁ဇွန်းလောက်ကို ရေနဲ့ဖျော်ပြီး စပရေးဘူးထဲထည့်ပြီး အနံ့ရှိတဲ့နေရာအနှံ့ကိုဖြန်းပေးပါ။ ဆော်ဒါက တခြားဓာတုပစ္စည်းများလို မပြင်းတဲ့အတွက်ကလေးငယ်တွေရှိတဲ့အိမ်တွေအတွက် အလွန်အသုံးဝင် ပါတယ်။